JustPayroll
JustLogin ဖြင့် လစာ တွက်ချက်ခြင်း
လစာ စာရင်းများကို အမှားအယွင်းမရှိအောင် အလိုအလျှောက် တွက်ချက် ပေးနိုင်ပါသည်



လစာ စာရင်းများကို အဆင့် ၃ ဆင့်တည်းဖြင့် အလွယ်တကူ တွက်ချက်နိုင်ခြင်း
JustPayroll ၏ အလွန်ရိုးရှင်းသော Dashboard ဖြင့် လစာစာရင်းများကို အဆင့်သုံးဆင့် ကျော်ဖြတ်ရုံဖြင့် အလွယ်တကူတွက်ချက်နိူင်ပါပြီ။ အလိုအလျှောက်တွက်ချက်ပေးတဲ့ စနစ်ကြောင့် အချိန်ကုန်သက်သာပြီး အမှားများကိုလည်း လျှော့ချပေးနိူင်ပါသည်။ ဒါ့အပြင် SSB ရဲ့ စည်းမျဉ်းများအတိုင်း လိုက်နာထားတဲ့ ဆော့ဖ်ဝဲလ် တစ်ခုလည်း ဖြစ်ပါတယ်။


အားလုံးနဲ့ ကိုက်ညီအောင် ပြုလုပ်ထားခြင်း
JustPayroll က လစာတွေကို ခွဲခြမ်း စိတ်ဖြာ တွက်ချက်နိုင်သော စနစ်တစ်ခုဖြစ်ပြီး Quickbooks Online နဲ့ Xero တို့နဲ့ ပေါင်းစပ်ထားတဲ့ စနစ်ဖြစ်တာကြောင့် အချက်အလက်တွေကို ကိုယ်တိုင် ထည့်သွင်းစရာ မလိုတော့ပါဘူး။ ဒီလိုပေါင်းစပ်ထားလို့လဲ လစာစာရင်းတွေကနေ အကောင့်တွေကို ချောချောမွေ့မွေ့နဲ့ အမှားမရှိပဲ လွှဲပြောင်းနိူင်တာ ဖြစ်ပါသည်။ JustLogin ရဲ့ Payroll ဆော့ဖ်ဝဲလ်နဲ့ဆို ရင်ရုံးပျက်ကွက်တာတွေနဲ့ အချိန်ပို နာရီတွေဟာ JustLeave နဲ့ JustClock တို့မှတဆင့် အလိုအလျှောက်ရောက်သွားပြီးတော့ လစာစာရင်းများကို တွက်ချက်မှာ ဖြစ်ပါသည်။
JustLogin က မှန်ကန်အောင်လုပ်နိူင်ပါတယ်
တိကျမှု နဲ့ ကိုက်ညီမှုတွေကို အလေးထားတဲ့ လစာစာရင်းတွက်ချက်သော ဆော့ဝဲလ်တစ်ခုဖြစ်ပါတယ်။


လစဉ် SSB ပေးဆောင်ငွေ နှင့် SSB Files များကို အလိုအလျှောက် တွက်ချက်ပေးခြင်း
JustPayroll သည် အစိုးရမှ သတ်မှတ်ထားသော လူမှုဖူလုံရေးပမာဏကို နောက်ဆုံးနှုန်းထားအတိုင်းတွက်ချက်ပေးမည်ဖြစ်ပြီး အလွယ်တကူလည်း တင်သွင်းနိုင်ပါသည်
၀င်ငွေခွန်များကို အလိုအလျောက်တွက်ချက်ပေးခြင်း
ဖောင် ၁၅၊ ဖောင် ၁၆ စသည့်တို့ကိုလည်း လစဉ် သို့မဟုတ် နှစ်စဉ်အခွန်ပါဝင်မှုအတွက် တင်သွင်းနိုင်ပါသည်
အချိန် နဲ့ တပြေးညီဖြစ်ခြင်း
ပါဝင်မှုနှုန်းထားများ နှင့် မူဝါဒများသည် အမြဲ Update ဖြစ်နေသည့်အတွက် ပြောင်းလဲသည်များကို မသိလိုက်မှာကို စိုးရိမ်စရာ မလိုပါ
ဘဏ်အတွက် ဖိုင်များကို ထည့်သွင်းခြင်း
AYA, KBZ, CB တို့နှင့် အသုံးပြု နိုင်ပါသည်
လိုအပ်ချက် အလိုက် သုံးနိုင်ခြင်း
သင်လိုအပ်ချက်အတိုင်း ပြုပြင်နိုင်ပါသည်
ပြုပြင်နိုင်သော အရာများ
သင် လစာစာရင်းကို သင် လိုအပ်သလို ဖန်တီးနိုင်ပါတယ်။ ပုံမှန်ခွင့်ပြုတာပဲ ဖြစ်ဖြစ်၊ လျှော့ချဖို့ပဲဖြစ်ဖြစ်၊ ရွေးချယ်နိုင်ပါပြီး အဲဒါက လစာ စလစ်ပေါ်မှာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။
ဘယ်သူက ဘာလဲ
သင့်အနေဖြင့် ဘယ်သူက ဘာကိုပဲ ကြည့်နိုင်တယ်ဆိုတာကိုလည်း ထိန်းချုပ်လို့ရပါတယ်။ ဝန်ထမ်းတစ်ဦးချင်းစီအတွက် မတူညီတဲ့ ရှုထောင့်ကနေ ကြည့်နိုင်အောင်ပြုလုပ်နိုင်ပါတယ်။
အံ့သြဖွယ်ကောင်းလောက်အောင် လိုက်လျောညီထွေမှုရှိခြင်း
လစဉ် သို့မဟုတ် နှစ်ပတ်တစ်ခါ လစာပေး စနစ်အပြင် မတူညီသော ဝန်ထမ်းကို မတူညီသော အချိန်တွင်လည်း ပေးနိုင်ပါသည်။ ဘာနပ်စ်၊ Back Pay တို့လိုမျိုးကိုလဲ Ad-hoc အနေဖြင့် သုံးနိုင်ပါသည်
အစီရင်ခံစာ ပေးပို့ခြင်း
သင်လုပ်ငန်း အတွက် မတူညီသော အစီရင်ခံစာ အမျိုး ၂၀ ဖြင့် သင့်၏ လစာစာရင်းကို နှိုင်းယှဉ် ကြည့်နိုင်ပါသည်