JustBenefit

JustBenefit
JustLogin ကအရာအားလုံးကို လုပ်ဆောင်နိုင်ပါတယ်

အကျိုးအမြတ်များကို စီမံခန့်ခွဲရာတွင် လွယ်ကူအောင် လုပ်ထားပါသည်

တစ်နေရာတည်းမှာ အလုံးစုံပြုလုပ်နိုင်ခြင်း

 JustBenefit ဟာ သင့် ဝန်ထမ်းတွေရဲ့ ရပိုင်ခွင် အကျိုးအမြတ်တွေဖြစ်တဲ့ ဆေးစစ်ခြင်းများ၊ သွား နှင့် မျက်စိ စစ်ဆေးခြင်းများ အပြင် သင်ကိုယ်တိုင်လဲ လိုအပ်သလို ပြင်ဆင်ခွင့်တွေကို တနေရာတည်းမှာတင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

စာရွက်စာတမ်းများ အသုံးပြုရခြင်းမှ ကင်းဝေးစေပါလိမ့်မယ်။

သင့် ဝန်ထမ်းများကို စာရွက်စာတမ်းများ သုံးစရာ မလိုအောင် လုပ်လိုက်ပါ။ ဝန်ထမ်းများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် ဘောက်ဂျာများကို တင်ပြီး ထုတ်ယူနိုင်မှာ ဖြစ်သလို သင့်အနေနဲ့လည်း အလွယ်တကူ စစ်ဆေးနိုင်ပါတယ်။ JustBenefit မှ သူတို့ရဲ့ မန်နေဂျာတွေထံ ခွင့်ပြုခွင့် ရစေဖို့ အလိုအလျှောက် ပို့ပေးမှာ ဖြစ်ပါတယ်။

ရှင်းလင်းပြီး စိတ်ချယုံကြည်ရမှု

ပွင့်လင်းမြင်သာမှုရှိပြီး ရပိုင်ခွင့် အကျိုးအမြတ်များကို ပေးနိုင်သောကြောင့် ဝန်ထမ်းတွေကို စိတ်ကျေနပ်စေမှာ ဖြစ်ပါတယ်။ မတိကျ မသေချာတဲ့ ရပိုင်ခွင့်တွေ၊ မရေရာတဲ့ စီမံခန့်ခွဲမှုတွေက ဝန်ထမ်းတွေရဲ့ ယုံကြည်မှုကို ပျက်ပြားစေနိုင်ပါတယ်။ JustBenefit နဲ့ဆိုရင် ရပိုင်ခွင့်တွေကို တောင်းခံခြင်း နှင့် ခွင့်ပြုခြင်းတွေအားလုံးကို အွန်လိုင်းမှ ကြည့်ရှုနိုင်မှာ ဖြစ်သလို လုပ်ငန်းစဉ်တွေကလဲ ရိုးရှင်းလွယ်ကူပါတယ်။

တိကျမှန်ကန်မှုအတွက် ရယူလိုက်ပါ။

အလိုအလျောက်စံနှုန်းကိုက်ညီမှုနဲ့ တိကျမှုတွေကို သေချာအောင် ပြုလုပ်ပေးပါသည်။

ဖိုင်တွေကို တွဲရတာလည်း လွယ်ပါတယ်

Receipts များကို ငွေတောင်းခံချက် တစ်ခုချင်း တွဲထားနိုင်ပြီးနောက် ခွင့်ပြုချက်အတွက် သက်ဆိုင်ရာ မန်နေဂျာထံသို့ ရောက်သွားမည် ဖြစ်ပါသည်။

မှတ်တမ်းတင်ထားနိုင်ခြင်း

ငွေထုတ်ယူတိုင်း စစ်ဆေးထားသည် စာရင်းမှတ်တမ်းလည်း ရှိသောကြောင့် ဝန်ထမ်းများ အနေဖြင့် ယခင်စာရင်းမှတ်တမ်းများကို ပြန်လည်ကြည့်ရှုနိုင်ပါသည်။

ကျွမ်းကျင်သူ တစ်ယောက်လို အချိုးချပေးနိုင်ခြင်း

ဝန်ထမ်းသစ် အနေဖြင့် နှစ်လယ်မှ စတင် အလုပ်ဝင်ပါကလည်း သူ၏ ရပိုင်ခွင့်နှင့် ပတ်သက်ပြီး JustBenefit မှ အလိုအလျှောက် တွက်ချက်ပေးနိုင်မည် ဖြစ်ပါသည်။

တွဲသုံးလျှင် ပိုကောင်းပါသည်

ခွင့်ပြုချက်ရပြီးနောက်သင့်ဝန်ထမ်းကိုပေးဖို့ရှိတာတွေ နဲ့ သူတို့ရဲ့အခွန်နဲ့ဆိုင်တဲ့စာရွက် စာတမ်းတွေကို ထပ်မံဖြည့်သွင်းထာတွေအတွက် JustBenefit မှတဆင့် JustPayroll ဖြင့်တိုက်ရိုက်ချိတ်ဆက်လုပ်ဆောင်နိုင်ပါသည်။

သင်လိုသလို အသုံးပြုနိင်ပါသည်။

သင်လိုအပ်ချက်အတိုင်း ပြုပြင်လိုက်ပါ။

အံ့ဖွယ်ကောင်းလောက်အောင် လိုက်လျောညီထွေရှိမှု

ခံစားခွင့် အမျိုးမျိုးကို အမျိုးအစားအလိုက်၊ အချိန်အလိုက်၊ သတ်မှတ်ချက်အလိုက် ပြုလုပ်လို့ရပါတယ်။ ဝန်ထမ်းလုပ်သက်၊ ရာထူးတို့ အပေါ် အခြေခံပြီးတော့လည်း သင်လိုအပ်သလို ပြုလုပ်နိုင်ပါတယ်။

ခံစားခွင့် ပုံစံများ

ခံစားခွင့်အကျိုးအမြတ်ပုံစံများကိုလည်း ခံစားခွင့်ပုံစံအလိုက် အုပ်စုများစွာ ဖွဲ့ပြီး အတူတကွ ခွင့်ပြုနိုင်ပါတယ်။

ပြင်ဆင်ခြင်း

ဝန်ထမ်းအားလုံး သို့မဟုတ် သတ်မှတ်ထားသော ဝန်ထမ်းအတွက် Credit သို့မဟုတ် Debit ပြင်ဆင်ချက်များအားလုံးကို Click တစ်ချက်နှိပ်ရုံဖြင့် အလွယ်တကူ ပြုပြင်နိုင်ပါသည်။

ခံစားခွင့် သက်တမ်းတိုးရတဲ့ တာဝန်ကို လျော့ချနိုင်ခြင်း

အသုံးမပြုဖြစ်တော့တဲ့ ခံစားခွင့်များနှင့် ပတ်သက်ပြီး ဘယ်လောက်ထိ နောက်နှစ်ကို ယူဆောင်သွားခွင့် ရှိတဲ့အပေါ် မူတည်ပြီးတော့လည်း ယူဆောင်လို့ရအောင် လုပ်ဆောင်နိုင်ပါတယ်။

Award-Winning HR Software

Simply the best benefits system for your business.

Don't Just Take Our Word For It

See what our customers have to say about JustLogin.

Social media & sharing icons powered by UltimatelySocial