JustPeople
JustLogin ကအရာအားလုံးကို လုပ်ဆောင်နိုင်ပါတယ်။
စာရွက်စာတမ်းတွေနဲ့ အချိန်ကုန် မခံပါနဲ့ သင့်ဝန်ထမ်းတွေအတွက်ကို ပိုပြီးအချိန်ပေးလိုက်ပါ။



တစ်နေရာတည်းမှာတင် ပြီးပြည့်စုံမှု
JustLogin နဲ့ဆိုရင် ဈေးကြီးတဲ့ HRM Software တွေအပေါ်မှာ ငွေအများကြီး ရင်းနှီးစရာမလိုတော့ပါဘူး။ JustPeople ဟာ သင့်ဝန်ထမ်းတွေအားလုံးရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များ၊ ပညာရေး၊ မှတ်တမ်းများ စသဖြင့် သတင်းအချက်အလက်များကို စုဆောင်းပေးထားပြီးဖြစ်ပါတယ်။
စာရွက်စာတမ်းများ အသုံးပြုစရာ မလိုတော့ပါ။
သင့်အတွက် စာရွက်စာတမ်းများ အသုံးပြုရခြင်းမှ ကင်းဝေးသွားပါပြီ။ ဝန်ထမ်းတစ်ဦးချင်းအတွက် အရေးကြီးသော စာရွက်စာတမ်းများဖြစ်တဲ့ စာချုပ်တွေ၊ ထောက်ခံစာတွေ နဲ့ အသိအမှတ်ပြု လက်မှတ်စတာတွေကို Cloud ပေါ်မှာ လုံခြုံစိတ်ချစွာ သိမ်းဆည်းထားနိုင်ပါတယ်။


အချိန်ကုန်သက်သာခြင်း
အချိန်ကုန် သက်သာတဲ့ အတွက်ကြောင့် ဝန်ထမ်းများနှင့် ဆက်ဆံခြင်း၊ သင်တန်းပေးခြင်း နှင့် လူတော်များကို ထိန်းထားနိုင်ခြင်း စသည့် ကိစ္စများကို ပိုမို အချိန်ပေး အာရုံ စိုက်လာနိုင်မှာ ဖြစ်ပါတယ်။
တိကျမှန်ကန်မှုအတွက် ရယူလိုက်ပါ။
အလိုအလျောက် စံနှုန်းကိုက်ညီမှုနဲ့ တိကျမှုတွေကို သေချာအောင် ပြုလုပ်ပေးပါသည်။


အသိပေးခြင်း
ဝန်ထမ်း၏ မွေးနေ့များ ဝန်ထမ်းအစမ်းခန့်ကာလ ပြီးဆုံးရက်များ စာချုပ်သက်တမ်း ကုန်သည့် ရက်များအတွက်လည်း မမေ့ရအောင် Email Notification ပို့ပေးပါသည်။
ကိုယ်တိုင် လုပ်ဆောင်နိုင်ခြင်း
ဝန်ထမ်းများအနေဖြင့် ကိုယ်ပိုင်အချက်အလက်များကို လုံခြုံစိတ်ချစွာ ပြင်ဆင်နိုင်တာကြောင့် အမှားနည်းပြီး ပိုမို ထိရောက်မှု ရှိပါသည်။
သင်လိုသလို အသုံးပြုနိင်ပါသည်။
သင်လိုအပ်ချက်အတိုင်း ပြုပြင်လိုက်ပါ။
ဘယ်သူက ဘာလုပ်မှာလဲ
သင့်အနေဖြင့် ဘယ်သူက ဘာကိုပဲ ကြည့်နိုင်တယ်ဆိုတာကိုလည်း ထိန်းချုပ်လို့ရပါတယ်။ ဝန်ထမ်းတစ်ဦးချင်းစီအတွက် မတူညီသော အချက်အလက်တွေကို ကြည့်နိုင်အောင် ပြုပြင်နိုင်အောင် ခွင့်ပြုပေးလို့ ရပါတယ်။
ဘယ်အချိန် ဘယ်နေရာကမဆို
သတင်းအချက်အလက်တွေကို Cloud ပေါ်တွင် သိမ်းဆည်းထားတာ ဖြစ်တဲ့အတွက် သင့်ဝန်ထမ်းတွေရဲ့ အချက်အလက်တွေကို JustPeople မှတဆင့် ဘယ်အချိန် ဘယ်နေရာ ကနေမဆို အလွယ်တကူ ကြည့်နိုင်မှာ ဖြစ်ပါတယ်။