SafeClock

SafeClock

ဘေးကင်းစွာနဲ့ အလုပ်ဝင်မယ်

 

ကိုင်တွယ် ထိတွေ့စရာမလိုပဲ အပူချိန် တိုင်းတာခြင်း ရုံးဆင်းရုံးတက် မှတ်တမ်းတင်ခြင်း တံခါး အဝင်အထွက်‌ စတာတွေအတွက် တစ်နေရာတည်းမှာ အားလုံးပါဝင်ပါတယ်။ ဝန်ထမ်းတွေရဲ့ သတင်းအချက်အလက်အတွက် ကိုလည်း JustLogin ရဲ့ လူစွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု စနစ်နဲ့ အပြည့်အဝ ပေါင်းစပ်ထားပါတယ်။

ကိုင်တွယ်ထိတွေ့စရာမလိုပဲ အပူချိန် တိုင်းတာခြင်း

AI နည်းပညာဖြင့် အလိုအလျောက် မျက်နှာသွင်ပြင် မှတ်သားထားနိုင်ခြင်းနဲ့အတူ ဝန်ထမ်းတွေ နှင့် အပြင်မှလာသည့် ဧည့်သည်တွေ၏ ကိုယ်အပူချိန်ကို အလိုအလျှောက် တနေ့တာလုံး တိုင်းတာပေးပါသည်။ အဖျား လက္ခဏာ ရှိနေပါက Admin မှ သိရှိနိုင်မည်ဖြစ်ပြီး ဧည့်သည်ဖြစ်ပါက ဝင်ရောက်ခွင့်ကို ငြင်းဆန်နိုင်ပါသည်။ ရောဂါကူးစက်ပြန့်ပွားနိုင်သည့် Fingerprint စက် သုံးစရာ မလိုအပ်တော့ပါ။

လုပ်ငန်းခွင် အဝင်အထွက်ကို စီမံခန့်ခွဲခြင်း

SafeClock က ဧည့်သည်များ၊ ဝန်ထမ်းများရဲ့ အပူချိန်၊ Mask အကာကွယ်နဲ့ ၊ မှတ်ပုံတင်ထားသူများအပေါ်အခြေခံပြီး ထိန်းချုပ်စီမံပေးတာ ဖြစ်ပါတယ်။ မှတ်ပုံတင်ထားသော ဝန်ထမ်းများကို facial recognition ဖြင့် ခွဲခြားနိုင်ပြီး မှတ်ပုံမတင်ထားသူ ဧည့်သည်များအတွက် ၎င်းတို့ရဲ့ ဓါတ်ပုံများနှင့် ဝင်ရောက်တဲ့ အချိန်ပေါ်မူတည်ပြီး contact tracing အဆက်အသွယ်များကို ခြေရာခံနိုင်ပါတယ်။

အလုပ်ဆင်းတက်ချိန်နှင့် လူစွမ်းအားစီမံခန့်ခွဲမှု စနစ်ကို ပေါင်းစပ်ထားပါသည်

SafeClock သည် JustLoginရဲ့  HR Management System နှင့်ပေါင်းစပ် ထားတာဖြစ်တာကြောင့် ဝန်ထမ်းတွေရဲ့ ခွင့်တွေ အလုပ်ချိန်တွေနဲ့ အချိန်ပိုနာရီတွေကို သိရှိနိုင်သလို လစာအတွက်လည်း အလိုအလျှောက်တွက်ချက်နိုင်ပါသည်။ အိမ်ကနေ့ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေအနေနဲ့လည်း မိမိတို့ရဲ့ မိုဘိုင်းဖုန်းမှတဆင့် လုပ်ဆောင်နိုင်ပါသည်။

သင့်ကုမ္ပဏီ ဘေးကင်းလုံခြုံဖို့နဲ့ စည်းကမ်းများကို လိုက်နာအောင်လုပ်ဆောင်ပါ

မြန်မာနိုင်ငံအစိုးရမှ ထုတ်ပြန်ထားသည့် ဥပဒေများကို လိုက်နာခြင်းဖြင့် Covid-19 အန္တရာယ်ကို ကာကွယ်တားဆီးပါ။

အပူချိန် စင်ဆာ နှင့် သတိပေးချက်

တိကျမှန်ကန်မှု ကွာခြားချက် ±0.2℃ ပဲရှိတဲ့ အပူချိန်တိုင်း စင်ဆာ ဖြစ်ပါသည်။ အပူချိန် မြင့်မားနေပါက သတိ‌ပေးချက်ကို email လက်ခံရရှိမှာ ဖြစ်ပါသည်။

မျက်နှာသွင်ပြင် မှတ်သားခြင်း

ကမ္ဘာ့အဆင့် ၃ ရှိသည့် SIAT ရဲ့ မျက်နှာသွင်ပြင် မှတ်သားခြင်းနည်းပညာကို သုံးထားပါသည်။ SafeClock က သက်ရှိလူတစ်ယောက်ကို နှာခေါင်းစည်း ဝတ်ဆင်ထားသည် ဖြစ်စေ မဝတ်ထားသည်ဖြစ်စေ ဖော်ထုတ်နိုင်ပါသည်။

တံခါးအဝင်အထွက်

အပူချိန်၊ Mask အကာကွယ်နဲ့ ၊ မျက်နှာသွင်ပြင်များအပေါ်အခြေခံပြီး တံခါးအဝင်အထွက်ကို ထိန်းချုပ်စီမံ တပ်ဆင်နိုင်ပါသည်။

နှာခေါင်းစည်း တပ်မတပ်

သင့်ကုမ္ပဏီ ဥပစာသို့ မဝင်ခင် နှာခေါင်းစည်း ဝတ်ဆင်ထားခြင်း ရှိ မရှိကို ခွဲခြားစစ်ဆေးနိုင်ပါသည်။

အလုပ်ချိန်းများကို ခွဲခြားစီမံခြင်း

မတူညီတဲ့ အလုပ်တက်ချိန် အလုပ်ဆင်းချိန်များကို ဝန်ထမ်းအလိုက် အမျိုးအမျိုးခွဲခြားသတ်မှတ်နိုင်ပါသည်။

ဝန်ထမ်းများရဲ့ အလုပ်အဝင်အထွက်ချိန်ကို အချိန်ကိုက် သိနိုင်ခြင်း

ဝန်ထမ်းများအနေဖြင့် SafeClock တွင် သူတို့ရဲ့ အပူချိန်ကို တိုင်းတာတဲ့အခါ သူတို့ရဲ့ အလုပ်ဝင်ချိန် ထွက်ချိန်ကိုပါ အချိန်နဲ့တပြေးညီ cloud-based HR platform ကနေပြီတော့ မှတ်သားထားမှာဖြစ်ပါသည်။ သူတို့ရဲ့ အလုပ်ချိန်အတိုင်း မဝင်ရောက်တဲ့ သူတွေကို Administrators အနေနဲ့လည်း သိရှိနိုင်မှာဖြစ်ပါသည်။ 

ဧည့်သည်ဝင်ရောက်မှုကို စီမံခြင်း

မျက်နှာ မှတ်ပုံမတင်ထားသူများကိုတော့ ဧည့်သည်အနေဖြင့် မှတ်သားထားမှာဖြစ်ပါသည်။ ဧည်သည်ရဲ့ ဓာတ်ပုံ၊ အပူချိန် နဲ့ ဝင်ရောက်ချိန်တို့ကို ယူထားပြီး အဆက်အသွယ်များကို ခြေရာခံနိုင်ရာဖို့ ရည်ရွယ်ပြီး Online portal ပေါ်မှာ သိမ်းဆည်းထားမှာဖြစ်ပါသည်။

အလွယ်တကူ တပ်ဆင် အသုံးပြုနိုင်ပါသည်

Cloud-Based

အချက်အလက် အားလုံးကို online portal ပေါ်တွင် အချိန်နဲ့တပြေးညီ သိမ်းဆည်းထားသည့်အတွက် မိတ်ဆွေအနေဖြင့် အိမ်ကနေ အလုပ်လုပ်နေရသည်ဆိုလျှင်တောင် သင့်ရဲ့လုပ်ငန်းခွင်ကို စောင့်ကြည့် စစ်ဆေးနိုင်ပါသည်။ Device မှ သတိပေးချက်နှင့် အသိပေးချက်တွေကို email မှတဆင့် ပေးပို့ အသိပေးနိုင်ပါသည်။

ဝန်ထမ်းများကို လွယ်ကူစွာမှတ်ပုံတင်ပါ

ဝန်ထမ်းတွေအနေနဲ့ Register လုပ်မထားသည့် ဧည်သည်တစ်ယောက်လိုမျိုး ပထမအကြိမ်မှာ Clock In လုပ်ပါ။ ပြီးနောက် ဝန်ထမ်း မှတ်ပုံတင်ရန် SafeClock ရဲ့ online portal မှာ ဓာတ်ပုံနှင့် ဝန်ထမ်းကို တွဲလိုက်ရမှာ ဖြစ်ပါသည်။

အချိန်ကိုက် အစီအရင်ခံစာများ

ဧည်သည်တွေ နှင့် သင့်ဝန်ထမ်းတွေရဲ့  ကျန်းမာရေး အခြေအနေကို ချက်ချင်း သိနိုင်သည့်အတွက် Covid-19 နှင့်ပတ်သက်ပြီး စစ်ဆေးတွေ့ရှိရပါက အခြားသူများသို့ ကူးစက်မှုမရှိစေရန် ဆေးရုံသို့ ဆက်သွယ်ပို့ဆောင်ခြင်း နှင့် ကာကွယ်တားဆီးရေး အစီအမံများကို ချက်ချင်းလုပ်ဆောင်နိုင်မှာဖြစ်ပါသည်။

ဘာသာစကားမျိုးစုံကိုထောက်ပံ့ပေးထားပါသည်

SafeClock သည် ဘာသာစကားမျိုးစုံနှင့် လုပ်ဆောင်နိုင်ပါသည်။ မိတ်ဆွေရဲ့ လိုအပ်ချက်ကို အသိပေးလိုက်ရုံပါပဲ။

နမူနာကို ဒီမှာ ကြည့်လိုက်ပါ

သင့်လုပ်ငန်းအတွက် ကိုဗစ်-၁၉ ပြန့်ပွားမှုကို ဟန့်တားနိုင်တဲ့ ရိုးရှင်းပြီး အကောင်းဆုံးသော ကာကွယ်မှု

Award-Winning HR Software

give us a call today!

Social media & sharing icons powered by UltimatelySocial