Why JustLogin?

ဘာလို့ JustLogin ကို သုံးသင့်လဲ?

ကျွန်တော်တို့ပဲ လုပ်နိုင်လို့ပါ။ ကျွန်တော်တို့ဟာ HR နှင့် ပက်သက်ပြီး ၀န်ဆောင်မှုပေးနေတာ နှစ်ပေါင်း ၂၀ ခန့်ရှိနေပြီ ဖြစ်ပြီး အသေးစားနှင့် အလတ်စားလုပ်ငန်းများကို မိမိတို့ရဲ့ HR ဆော့ဖ်ဝဲလ်ဖြင့် အရှေ့ရောက်အောင် ကူညီပေးနေခဲ့ခြင်းပဲ ဖြစ်ပါတယ်။ အဲ့လိုအတွေ့အကြုံများကြောင့် သင့်ကြုံတွေ့နေရတဲ့ အခက်အခဲများကို နားလည်ပြီး သင့်ရဲ့ အမြင်ကိုလည်း နားလည်ပါတယ်။ ကျွန်တော်တို့ဟာ ဒီ HR ပြသနာတွေ ကြားထဲမှာ တူတူရောက်ရှိနေတာပါ။

သင်ဟာ စာရွက်စာတမ်းတွေထက် လူကို ပိုပြီး လိုချင်ပါတယ်

JustLogin ဟာ သင့်ရဲ့ လက်ရှိရှိနေတဲ့ စနစ်နဲ့ စက်ပစ္စည်းနဲ့ အလုပ်လုပ်ပြီးတော့ သင့်ကို အချိန်ကုန် လူပင်ပန်းသက်သာစေမှာပါ။ အရာအားလုံးဟာ cloud မှာ ရှိတာမို့လို့ အဲ့ဒါဟာ သင့်ကို အကျိုးရှိစေမှာ ဖြစ်ပြီး သင့်ဟာ သင့် ကုမ္ပဏီအတွက် အရေးကြီးဆုံးဖြစ်တဲ့ သင့် ၀န်ထမ်းတွေအပေါ် အာရုံ စိုက်နိုင်မှာပါ။

HR စနစ်ဟာ သင့်ရဲ့ အလုပ်ကို ပိုမို လွယ်ကူစေမှာ ဖြစ်ပါတယ်။ ပိုပြီး ရှုပ်ထွေးစေရမှာ မဟုတ်ပါဘူး

စံနှုန်းနဲ့ ကိုက်ညီမှုနှင့် တိကျမှုကို သေချာဖို့အတွက် JustLogin ဟာ အချိန်ပိုလခကနေစပြီး ခွင့်ယူတာအထိ လစာများကို တွက်ပေးနိုင်ပါတယ်။ JustLogin နဲ့ဆိုရင် သင်ဟာ အချိန်တိုင်း မှန်နေမှာ ဖြစ်ပါတယ်

လိုက်လျောညီထွေ ဖြစ်အောင် နေဖို့ဆိုတာ Yoga သမားတွေ အတွက်ပဲ မဟုတ်ပါဘူး

စီးပွားရေးတိုင်းဟာ မတူညီပါဘူး၊ သင်ဟာ HR စနစ်ကို သင်ရဲ့ ထူးခြားတဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် HR စနစ်ကို ပြင်ဆင်ဖို့လိုပါတယ်။ JustLogin ဟာ သင်ချမှတ်ထားတဲ့ မူဝါဒ အတိုင်း ပြင်ဆင်နိုင်ပါတယ်။ အဲ့ဒါကြောင့် သင်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်မှာပါ။ 

JustLogin ဟာ အကုန်ုလုပ်ဆောင်နိုင်ပါတယ်

HR လုပ်ဆောင်မှုတွေအတွက် လိုအပ်တဲ့ ဆော့ဖ်ဝဲလ်တွေ ရှိတာမို့လို့ JustLogin ကို ကြီးမားတဲ့ တာဝန်တွေကို ထမ်းဆောင်ခိုင်းလိုက်ပြီး သင်ဟာ သင့်အတွက် ပိုအရေးကြီးတဲ့ ကိစ္စတွေအတွက် အချိန်ပေးလိုက်ပါ။ 

ကျွန်တော်တို့က လစာစာရင်းများကိုလည်း သေချာတွက်ပေးပါတယ်

စံနှုန်းတွေ တိကျမှုတွေကို စိတ်ပူပြီး အချိန်ကုန်မဲ့အစား JustLogin ဆော့ဖ်ဝဲလ်သုံးပြီး လစာစနစ်ကို တွက်လိုက်ပါ။ JustLogin ဟာ နောက်ဆုံး စည်းမျဉ်းများအတိုင်း တွက်ချက်ပေးတာပါ။ JustPayroll အကြောင်း ဆက်လက်လေ့လာပါ။

သင်ခွင့်ယူတာကို ကျွန်တော်တို့ရဲ့ တာဝန်ထားလိုက်ပါ

ခွင့်ယူခြင်းကို လုပ်သက်ကြာခြင်း၊ အတွေ့အကြုံ၊ အစမ်းခန့်ကာလ၊ အလုပ်စ၀င်သောနေ့ စသဖြင့်သော အချက်အလက်များဖြင့် အလိုအလျှောက်တွက်နိုင်ပါသည်။ စာရွက်စာတမ်းတွေ လုပ်စရာ လိုတော့မည်မဟုတ်ပဲ အလုပ်သမားများအနေဖြင့် လက်ကိုင်ဖုန်းဖြင့် ခွင့်တိုင်ကြားနိုင်မှာ ဖြစ်ပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေ ဖြစ်တဲ့ ဆေးစာ စသဖြင့်များကို တင်နိုင်မှာ ဖြစ်ပါတယ်။ JustLeave အကြောင်း ဆက်လက်လေ့လာပါ။

ဝန်ထမ်းအလုပ်လုပ်သော အချိန်များကို လိုက်ကြည့်ရခြင်းမှာ လွယ်ကူသော အလုပ်မဟုတ်ခဲ့ပါ

အလုပ်တက်ချိန်နှင့် အလုပ်ဆင်းချိန်မှာ သတ်မှတ်ရ လွယ်ကူပါသည်။ iPad (ဒါမှမဟုတ် အခြား စက်ပစ္စည်း တစ်ခုခုမှာ ) တစ်ချက်နှိပ်လိုက်ရုံနဲ့ အလုပ်စတက်ချိန်ကို သိနိုင်ပါတယ်။ ဒါပေမဲ့ ၀န်ထမ်းတစ်ဦးချင်းရဲ့ အလုပ်လုပ်ချိန်များကို ထိန်းချုပ်တာရော? ၀န်ထမ်းတွေအနေနဲ့ လက်ကိုင်ဖုန်းတွေကအနေတစ်ဆင့် အလုပ်စလုပ်ပြီဆိုတာကို ပြောပြထားနိုင်မှာ ဖြစ်ပြီး အဲ့ စနစ်က ၀န်ထမ်းရဲ့ ဓာတ်ပုံနဲ့ တည်နေရာကိုပါ တစ်ခါတည်း သိရှိစေမှာ ဖြစ်ပါတယ်။ JustClock အကြောင်းကို ဆက်လက် လေ့လာပါ။

လက်ခံရရှိကြောင်း စာရွက်တွေနဲ့ ဘောက်ဂျာတွေရဲ့ အရှုပ်တွေကို တာ့တာ ပြလိုက်ပါ

အပို အသုံးစရိတ်များကို အွန်လိုင်းဖြင့် ရယူနိုင်သွားမည်ဖြစ်ပြီး စာရွက်စာတမ်းတွေကို သုံးစရာ လိုတော့မှာ မဟုတ်ပါဘူး။ ၀န်ထမ်းတွေအနေဖြင့် လက်ခံရဖို့ဖောင်တွေကို စကန်ဖတ်ပြီး တင်လိုက်ပြီး မန်နေဂျာ၏ ထောက်ခံမှုကို စောင့်ဖို့ ပဲ လိုပါတယ်။ JustExpense အကြောင်းလေ့လာပါ။ 

အပိုရရှိသော အကျိုးအမြတ်များ၏ စီမံခန့်ခွဲမှုသည်လည်း ပိုမို လွယ်ကူလာမည် ဖြစ်သည်။

JustBenefit အကြောင်းလေ့လာပါ။

သင့် ၀န်ထမ်းအကြောင်းကို သင်ချက်ချင်းပြောနိုင်မှာပါ

JustPeople အကြောင်းလေ့လာပါ။

သင်အတွက်လိုအပ်တဲ့ အစိတ်အပိုင်းအားလုံးကို တစ်နေရာတည်းရောက်အောင် စုစည်းပေးမှာပါ

ကျွန်တော်တို့ရဲ့ စနစ်ဟာ တစ်ခုချင်းစီ လည်ပတ်နိုင်ပြီး သင့်ရဲ့ စနစ်ထဲကို လာရောက်ပူးပေါင်းမှာပါ။ ဒါမှမဟုတ်လည်း သင့်ရဲ့ HR စနစ်ကို JustLogin ရဲ့ အကြောင်းတွေနဲ့ အံ့ကိုက်အောင်လည်း လုပ်နိုင်ပါတယ်။

အလိုအလျှောက် လစာစာရင်းတွက်ရန်အတွက်

JustPayroll + JustLeave + JustClock
ကုန်ကျစရိတ်များ နှင့် အကျိုးအမြတ်များသည် JustPayroll ကို ရောက်ရှိသွားမည်ဖြစ်ပြီး JustPayroll က ၀န်ထမ်းလစာအပြင် ထပ်မံရရှိမည့် ငွေကြေးများပါတွက်သွားမည် ဖြစ်ပါသည်။

အားကောင်းသော အချိန်နှင့် အလုပ်လာရောက်ချိန်စာရင်း

JustPayroll + JustExpense + JustBenefit
ကုန်ကျစရိတ်များ နှင့် အကျိုးအမြတ်များသည် JustPayroll ကို ရောက်ရှိသွားမည်ဖြစ်ပြီး JustPayroll က ၀န်ထမ်းလစာအပြင် ထပ်မံရရှိမည့် ငွေကြေးများပါတွက်သွားမည် ဖြစ်ပါသည်။

အားကောင်းသော အချိန်နှင့် အလုပ်လာရောက်ချိန်စာရင်း

Just Leave + JustClock

JustLeave ၏ ပြက္ခဒိန်သည် JustClock နှင့် အံ့ကိုက်ဖြစ်အောင် ပြုလုပ်ထားသောကြောင့် အလုပ်ချိန်ပြောင်းလဲခြင်းများ၊ အလုပ်ချိန်စာရင်းများနှင့် အလုပ်ချိန်နာရီတွက်ချက်ခြင်းများသည် ကိုက်ညှိပြီးသား ဖြစ်သွားပါသည်

Just Give Us A Try For Free Today!

Our integrated, cloud-based HR solutions take the workload off your shoulders, not add to it. No credit card required.

Social media & sharing icons powered by UltimatelySocial